နေပြည်တော် ၁၆ အောက်တိုဘာ

 

ဂျပန်နိုင်ငံ တိုကျိုမြို့၌ အောက်တိုဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် မြန်မာ့ဉာဏမူပိုင်ခွင့်ဆွေးနွေးပွဲ (Myanmar IP Seminar) သို့ တက်ရောက်နေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ဂျပန်နိုင်ငံ မူပိုင်ခွင့်ဌာနမှ Commissioner Mr. Matsunaga နှင့် ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါရုံးဌာနချုပ်၌ တွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ မူပိုင်ခွင့်ဌာနဖွင့်လှစ်ရန် ဆောင်ရွက်နေမှုများ၊ လျှောက်လွှာ စစ်ဆေးသူများအတွက် ဂျပန်နိုင်ငံ မူပိုင်ခွင့်ဌာနမှ သင်တန်းပေးရေးနှင့် မြန်မာနိုင်ငံ မူပိုင်ခွင့်ဌာနအတွက် ပညာရှင်များစေလွှတ်၍ အကူအညီပေးရေးတို့ကို ဆွေးနွေးခဲ့ပြီး အဆိုပါရုံးအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။

 

mdn

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဂျပန်နိုင်ငံ မူပိုင်ခွင့်ဌာနမှ ညွန်ကြားရေးမှူးချုပ် Mr. Lwasaki နှင့် တွေ့ဆုံပြီး IT နည်းပညာဖြင့် မူပိုင်ခွင့်များဆောင်ရွက်နေမှု၏ အားသာချက်များနှင့် စာရွက်စာတမ်းလုံခြုံအောင် ဆောင်ရွက်ထားမှုတို့ကို မေးမြန်းဆွေးနွေးပြီး မူပိုင်ခွင့်နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့သည်။

 

သတင်းစဉ်