နေပြည်တော် ၁၇ အောက်တိုဘာ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ဂျပန်ပြင်ပကုန်သွယ်ရေးအဖွဲ့အစည်း (JETRO) ၏ ဒုတိယဉက္ကဋ္ဌ Mr. Ichiro Sone နှင့် ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အဆိုပါအဖွဲ့အစည်း၏ ရုံးချုပ်၌ တွေ့ဆုံခဲ့သည်။

 

ေ

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ရုံးဖွင့်လှစ်ရန် ဆောင်ရွက်နေမှုများ၊ မူပိုင်ခွင့်ရုံး ဖွင့်လှစ်နိုင်ရေးအတွက် ဂျပန်ပြင်ပကုန်သွယ်ရေးအဖွဲ့အစည်း (JETRO) မှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ကုန်အမှတ်တံဆိပ် စစ်ဆေးရေးဝန်ထမ်းများအတွက် ကျွမ်းကျင်မှုဆိုင်ရာနှင့် IT နည်းပညာဆိုင်ရာ အကူအညီပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

 

ေ

 

ယင်းနောက် မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ကိစ္စများ ဆောင်ရွက်နေမှုများကို ဂျပန်မီဒီယာများနှင့်တွေ့ဆုံ၍ အင်တာဗျူးပြုလုပ်ခဲ့သည်။    

မွန်းလွဲပိုင်းတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. MURAKAMI Hironobu နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ရုံး ဖွင့်လှစ်ရာတွင် လိုအပ်သော နည်းပညာဆိုင်ရာနှင့် ကျွမ်းကျင်ပညာရှင်များ စေလွှတ်အကူအညီပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဂျပန်ပြင်ပကုန်သွယ်ရေးအဖွဲ့အစည်း (JETRO) ရုံးချုပ်၌ ကျင်းပသည့် Myanmar IP Seminar ဖွင့်ပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

သတင်းစဉ်