နေပြည်တော် ၁၇ ဇူလိုင်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Japan International Cooperation Agency (JICA)၏ Chief Representative, Mr. Masayuki Karasawa နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအတွက် JICA Survey Team မှပြုစုထားသည့် Final Report ကိစ္စ၊ ထိုင်းနိုင်ငံဖက်မှ ရေးဆွဲထားသည့် Master Plan နှင့် JICA Survey Team မှ ပြုစုထားသည့် Final Report တို့ ကွာခြားချက်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


