နေပြည်တော် ၂၁  အောက်တိုဘာ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)၊ IP Office Business Solutions Division (IPOBSD)၊ Global Infrastructure Sector မှ Senior Manager  Mr. Juneho Jang အား ယနေ့နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ -၂ ၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ မူပိုင်ခွင့်ရုံးဖွင့်လှစ်ရေးအတွက် ဆောင်ရွက်နေမှု၊ ကုန်အမှတ် တံဆိပ် မူပိုင်ခွင့် လျှောက်ထားမှုများအား လက်ခံဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် Paperless စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရေးတို့အတွက် WIPO မှ နည်းပညာနှင့် နိုင်ငံတကာအတွေ့အကြုံများ မျှဝေပံ့ပိုးပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ 

(သတင်းစဉ်)