နေပြည်တော် ၃၀ စက်တင်ဘာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MIPPA) မှ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MIPPA) အနေဖြင့် Intellectual Property ကဏ္ဍနှင့်ပတ်သက်၍ ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ Intellectual Property နှင့်စပ်လျဉ်း၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိ ဆောင်ရွက်နိုင်ရေးအတွက် MIPPA မှ ကြီးမှူး၍ သင်တန်းပို့ချပေးနေမှု၊ Intellectual Property ကဏ္ဍတွင် တာဝန်ယူဆောင်ရွက်နေသည့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များအား ဖိတ်ကြား၍ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပသွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ Intellectual Property ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွား နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


