နေပြည်တော် ၃၀ အောက်တိုဘာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံသံအမတ်ကြီး Mr. Stephen Marshall အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနှင့် နယူးဇီလန် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ Ease of Doing Business Ranking တိုးတက်စေရေးနှင့် e-government စနစ်အကောင်အထည်ဖော် ရေးတို့အတွက် နယူးဇီလန်နိုင်ငံမှ နည်းပညာအကူအညီများ ပံ့ပိုးပေးသွားရေးနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ကာလတို၊ ကာလရှည် ပညာသင်အစီအစဉ်များ၊ ဆက်လက်ပံ့ပိုးပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


