နေပြည်တော်   ၂၆   စက်တင်ဘာ

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (ITC) မှ Adviser, Mr. Charles Roberge နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဧည့်ခန်းမ-၂၌ လက်ခံ တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အမျိုးသား ပို့ကုန်မဟာဗျူဟာ (National Export Strategy) နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးမူဘောင် (Export Development Frame) အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (ITC) မှ ပံ့ပိုးကူညီပေးမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်

 

mdn