နေပြည်တော် ၂၇ မေ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Worldtrade Management Services (WMS) ၏ Partner, Price waterhouseCoopers (PwC) မှ Mr. Paul Sumner ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ ယမကာထုတ်လုပ်လုပ်သူများအနေဖြင့် ယမကာ လုပ်ငန်းများအား ဥပဒေများနှင့်အညီ ထုတ်လုပ်/ဖြန့်ဖြူးနိုင်ရေး၊ နိုင်ငံအတွင်း စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူစေရေးအတွက် ဖြေလျှော့ ဆောင်ရွက်နေမှုများ၊ အရက်၊ ဘီယာ၊ ဝိုင် ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် ပတ်သက်သည့် နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)