နေပြည်တော် ၁၂ ဇွန် 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Assistant Minister of Commerce, Mr. Li Chenggang နှင့်အဖွဲ့အား  ယနေ့မွန်းလွဲ  ၁ နာရီ မိနစ် ၄၀ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

 

9724

 

တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် ကုန်သွယ်ရေးပူးတွဲကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားနိုင်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေးတို့အပြင် Sister City အစီအစဉ်အရ ကုန်ပစ္စည်းခြင်း ဖလှယ်သည့်စနစ်ဖြင့် တင်ပို့မှုတို့ကို တိုးမြှင့်ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးအတွက် နှစ်ဦးနှစ်ဖက် နီးကပ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းအဖြစ် ကျောက်ဖြူအထူးစီးပွားရေးဇုန်အား ဆက်လက်ပူးပေါင်းအကောင်အထည်ဖော်ဆောင်နိုင်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်များအား တရုတ်နိုင်ငံသို့ စံချိန်စံညွှန်းနှင့်အရည် အသွေးပြည့်မှီစွာ တိုးမြှင့်တင်ပို့သွားနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

(သတင်းစဉ်)