နေပြည်တော် ၉ ဇွန်

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ယနေ့နံနက် ၁၁ နာရီက United Nations Development Programme (UNDP) မှ Officer-in-charge, Deputy Resident Representative ဖြစ်သူ Ms. Dawn Del Rio နှင့်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတိုးတက်လာစေရေးနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို တွန်းအားပေးဆောင်ရွက်လျက်ရှိရာ လက်ရှိကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စိန်ခေါ်မှုများအား အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် Industry 4.0 အား လိုက်ပါဆောင်ရွက်နိုင်စေရန် အခွင့်အလမ်းအဖြစ် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ Supply Chain တစ်လျှောက် ထိခိုက်မှုများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများတွင် ထိခိုက်နစ်နာမှု၊ အလုပ်အကိုင်များဆုံးရှုံးမှုနှင့် အခြားသက်ရောက်မှုများကို ပြန်လည်ကုစားနိုင်ရန်အတွက် စီးပွားရေးပြန်လည်ကုစားမှုအစီအမံပါ ဆောင်ရွက်ရန်အချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် UNDP မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး၊ မြန်မာ့ထုတ်ကုန်များ အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ ယှဉ်ပြိုင်နိုင်စွမ်းရှိစွာ ထိုးဖောက်နိုင်ရေးအတွက် ထုတ်ကုန်များ၏ စံနှုန်းများ ပြည့်မီအောင်ဆောင်ရွက်နိုင်ရန် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

သတင်းစဉ်