နေပြည်တော် ဇန်နဝါရီ ၂၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ၊ ဒက္ခိဏသီရိမြို့နယ် ဟော်တယ်ဇုန်အမှတ် (၃) ရှိ ၃၃ ကေဗွီ EV Charging Station ဓာတ်အားခွဲရုံအသစ် တည်ဆောက်နေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဓာတ်အားလိုင်းများ ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး EV Charging Station များကို ဓာတ်အားပေးနိုင်ရန်အတွက် ဒက္ခိဏသီရိမြို့နယ် ဟော်တယ်ဇုန်အမှတ် (၃) တွင် အသစ်တည်ဆောက်နေသော ၃၃/၁၁ ကေဗွီ, ၂၀ အမ်ဗွီအေ EV Charging Station ဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးပြီး လုပ်ငန်းများအား စံချိန်စံညွှန်းပြည့်မီစွာဖြင့် အသေးစိတ်အ ချိန်ဇယားရေးဆွဲကာ သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ပေး စေလိုကြောင်း ၊လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်