နေပြည်တော် ဖေဖော်ဝါရီ ၁၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရှိ ပဲခူးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌  ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်  ဒုတိယဝန်ကြီးက သတ်မှတ်ကာလအတွင်း မီတာများပုံမှန်ဖတ်ရှုရေး အထူး အလေးထားဆောင်ရွက်ကြရန်၊ ဓာတ်အားခငွေများအလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး တာဝန်ရှိသူများက အထူးကြပ်မတ်ဆောင်ရွက်ရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးနှင့် ဓာတ်အားပြတ်တောက်မှုနည်းပါးစေရေး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်နှင့် သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်၊ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြရန်မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ငွေကောက်ကောင်တာတွင် ပြည်သူများ ဓာတ်အားခ လာရောက်ပေးဆောင်နေမှုနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပဲခူးမြို့အတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၃၃ ကေဗွီ အမှတ်(၂)ဓာတ်အားခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားလိုင်းများ၊ ဓာတ်အား လွှတ်ပစ္စည်းများအခြေအနေနှင့် မိုးရာသီကာလတွင် ဓာတ်အားခွဲရုံသို့ ရေဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ထား ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များပေါင်း စပ်ဆောင် ရွက်ပေး၍ ဓာတ်အားခွဲရုံဝန်းအတွင်း ဝန်ထမ်းများစိုက်ပျိုးထားရှိသည့် ဟင်းသီးဟင်း ရွက်စိုက်ခင်း များကို လှည့်လည်ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ လှော် ကားပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ Switch Yard အတွင်း ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွှတ် ပစ္စည်းများ၏အခြေအနေ၊ လက်ရှိဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေနှင့် အသစ်တိုးချဲ့တည် ဆောက်မည့် ၂၃၀ကေဗွီ အရှေ့ဒဂုံ-လှော်ကားဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဝါးတရာ-လှော်ကားဓာတ် အားလိုင်းတို့အတွက် Switch-Bay နေရာလျာထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်