မန္တလေး ဖေဖော်ဝါရီ ၁၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ပြင်ဦးလွင်မြို့မှ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)ဌာနခွဲသို့ ရောက်ရှိပြီး ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရအား ဖူးမြော်ကြညို၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြုပြင်ထိန်းသိမ်းမည့် စာသင်သား၊ သီတင်း သုံးအဆောင်များ၊ ဝန်ထမ်းအိမ်ရာ လိုင်းခန်းများ၊ တက္ကသိုလ်ပိုင်သာသနာ့မြေနေရာတို့ကို ကြည့်ရှု စစ်ဆေးပြီး သာသနာ့မြေများ ဆုံးရှုံး လျော့နည်းမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရေး အလေးထား လိုက်နာဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေး တိုင်းဒေသကြီးသာသနာရေးမှူးရုံး၌ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်သာသနာရေးမှူးရုံးတို့မှ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအား ပါတီနိုင်ငံရေးကင်းရှင်းရန်၊ သာသနာရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ မန္တလေးတိုင်းဒေသကြီး/ ခရိုင်သာသနာရေးမှူး ရုံးများကို ကြည့်ရှုစစ်ဆေးသည်။

ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ အမှူးပြုသော သင်ကြားစီမံဆရာတော်များ၊ စာသင်သား သံဃာတော် များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းမှုတို့ကို ကြည်ညိုပြီး ဆွမ်းပဒေသာ ပင်ဝတ္ထုငွေများ စိုက်ထူ လှူဒါန်းသည်။ 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့၊ သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တကောဝိဒနှင့် မိတ္ထီလာမြို့ တိုင်းဒေသကြီးသံဃနာယက အဖွဲ့ဝင် ဘဒ္ဒန္တဇဝန၊ မိတ္ထီလာ မြို့နယ်၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေသရတို့ထံ သွားရောက် ၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာ ဝိနိစ္ဆယရေးရာ၊ ပညာရေး ရာကိစ္စများကို လျှောက်ထားပြီး မိတ္ထီလာခရိုင်သာသနာရေးမှူးရုံးသို့ သွားရောက်ကာ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကိုမှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်