နေပြည်တော် ၂ အောက်တိုဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ဗြိတိန်နိုင်ငံ၊ Parliamentary Under- Secretary of State for International Development, Ms. Baroness Sugg CBE အား တွေ့ဆုံသည်။
တွေ့ဆုံစဉ် UK Aid မှ မြန်မာနိုင်ငံတွင် အထောက်အပံ့ပေးလျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းများ၊ ယင်းအနက်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့မှုအစီအစဉ် အကောင်အထည်ဖော် အောင်မြင်မှု၊ မသန်စွမ်းသူများ၏ အခွင့်အရေးတိုးမြှင့်ရရှိရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်များ၊ ကျား/မအခြေပြု အကြမ်းဖက်မှုကာကွယ်ရေး စီမံကိန်းလုပ်ငန်းဆိုင်ရာကိစ္စ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


