မိုးမောက် ၂၁ အောက်တိုဘာ
ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ လူမူရေးဝန်ကြီး ဦးနေဝင်းတို့ ပါဝင်သောအဖွဲ့သည် မိုးမောက်မြို့ရှိ အာရ်စီ IDPCOMP တွင် နေထိုင်သော မိသားစုဝင်များနှင့် တွေ့ဆုံပွဲကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးအောင်က အဖွင့်အမှာပြောကြားသည်။
ဆက်လက်ပြီး IDP COMP တွင် နေထိုင်သော မိသားစုဝင် ၃၂၂၇ ဦး အတွက်ထောက်ပံ့ငွေ ၂၉၀၄၃၀ဝ အားလည်းကောင်း ကိုယ်ဝန်ဆောင် မိခင်များနှင့် ၆ လအောက်ကလေးငယ်များ၊ အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုဘိုးဘွားများ ၃၆ ဦးအတွက် (၁၀၈၀ဝ၀ဝ)အား လည်းကောင်း ထောက်ပံ့ပေးအပ်ရာ IDP စခန်းများ တွင် နေထိုင်သော မိသားစုဝင်များက လက်ခံရယူကြကြောင်း သိရသည်။
လွန်းနန်းထွေး


