နေပြည်တော် ၁၀ ဒီဇင်ဘာ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ဂျပန်နိုင်ငံ အအိချိခရိုင် နာဂိုယာမြို့တွင် မြန်မာနိုင်ငံအစိုးရမှ မြန်မာဂုဏ်ထူး ဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် Mr.Toshio Nishimura နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအား ပိုမိုထိရောက်စွာနှင့် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် မကြာသေးမီက နာဂိုယာဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းအား ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ နာဂိုယာမြောက်ပိုင်းဒေသများတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် Drone Team ဖွဲ့စည်း၍ စီမံဆောင်ရွက်နေမှု၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များတွင် အသုံးပြုနိုင်သော Drone များအား သုတေသနပြုလုပ်၍ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်နေမှုနှင့် မြန်မာနိုင်ငံသဘာဝ ဘေးစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာမျှဝေပေးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်