နေပြည်တော် ၃၀ ဒီဇင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာ အမယာမော်နိုင် နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချ ထားရေးအစီအစဉ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သက်ဆိုင်ရာပြည်နယ်အစိုးရ နှင့်ညှိနှိုင်း၍ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရွေ့လျားဆေးပေးခန်းများ ဖွင့်လှစ်ခြင်း အပါအဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)