နေပြည်တော် ၂၀ ဒီဇင်ဘာ
မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နှင့် Korea Disabled People’s Development Institute (KODDI) တို့အကြား သဘောတူ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် Korea Disabled People’s Development Institute (KODDI) မှ ဥက္ကဋ္ဌ Ms. Choi Kyung Suk တို့က အမှာစကားပြောကြားပြီး ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက မသန်စွမ်းသူများ၏ လက်ရှိအလုပ်အကိုင် အခွင့်အလမ်း အခြေအနေကို ရှင်းလင်းတင်ပြ၍ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)နှင့် Korea Disabled People’s Development Institute (KODDI) တို့အကြား သဘောတူပူးပေါင်းခြင်း စာချုပ်ကို လက်မှတ်ရေးထိုးကြသည်။
ထို့နောက် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နှင့် Korea Disabled People’s Development Institute (KODDI) တို့ ပူးပေါင်းဖွင့်လှစ်သည့် ကော်ဖီ၊ မုန့်ဖုတ်သင်တန်းများ မှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ကြသည်။
(သတင်းစဉ်)