ဒုတိယဝန်ကြီး ဦးစိုးကြည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Ms. Hai Kyung Jun ကို လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Ms. Hai Kyung Jun ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်း ၁၁ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် UNHCR အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တွေ့ရှိချက်များ၊ လတ်တလော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်သူများအတွက် နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ ကူညီထောက်ပံ့ပေးလျက်ရှိမှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွှန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်