မော်လမြိုင် မတ် ၂၀

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် သည် ယမန်နေ့က အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများ အိပ်ဆောင်၊ စာသင် ဆောင်၊ စားရိပ်သာနှင့် အားကစားကွင်း၊ အားကစားရုံများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက်  ဒုတိယဝန်ကြီးသည် ပြည်နယ်အားကစားဥယျာဉ်တွင် တည်ဆောက်လျက်ရှိသော ဘက်စုံအားကစားရုံကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိစေရေး၊ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး  မှာကြားသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးသည် ရာမညအားကစားကွင်းအစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး ရာမညအားကစားကွင်း/အားကစားရုံနှင့် ကျောင်းသားအားကစား ကွင်းကို ကြည့်ရှုစစ်ဆေးကာ အားကစားရုံများ ရေရှည်တည်တံ့ရေး ၊ အပျက်အစီးနည်းအောင် ထိန်းသိမ်းဆောင်ရွက်ရေး မှာကြားသည်။

သတင်းစဉ်