နေပြည်တော် ၂၉ အောက်တိုဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် အောက်တိုဘာ ၂၈ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ သမိုင်းဝင်ကျိုက်သလ္လံစေတီတော် မြတ်ကြီး၏ ကုန်းမြေရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် တည်ဆောက်ရေးလုပ်ငန်းများကို ဇုန်(၄)ဇုန် သတ်မှတ်၍ ဆောင်ရွက် လျက်ရှိရာ ဇုန်အမှတ်(၁) တွင် Ground Anchor လုပ်ငန်း၌ Installation လုပ်ငန်းဆောင်ရွက်နေမှုနှင့် Grid Beam များ တည်ဆောက်နေမှု၊ ဇုန်အမှတ်(၂) တွင် Grid Beam များ တည်ဆောက်နေမှုနှင့် Soil Nailing ဆောင်ရွက်နေမှု၊ ဇုန်အမှတ်(၃) နှင့် ဇုန်အမှတ်(၄)တို့တွင် Soil Nailing နှင့် Ground Anchor ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘုရားရင်ပြင်မှစ၍ Drainage System များ စနစ်တကျ ဆောင်ရွက်မည့် အစီအစဉ်များကို မှာကြားသည်။
ယခုအခါ ဘုရားကုန်းတော် ဇုန်အမှတ်(၁) တွင် ၆၇ ရာခိုင်နှုန်း၊ ဇုန်အမှတ်(၂)တွင် ၅၈ ရာခိုင်နှုန်း၊ ဇုန်အမှတ်(၃)တွင် ၁၅ ရာခိုင်နှုန်း နှင့် ဇုန်အမှတ် (၄)တွင် ၁၆ ရာခိုင်နှုန်း ပြီးစီးနေပြီး တည်ဆောက် ရေးလုပ်ငန်းတစ်ခုလုံး၏ ၄၂ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


