နေပြည်တော် ၁၃ ဩဂုတ်
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးကျော်လင်းနှင့် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် ဩဂုတ် ၁၁ ရက်က လမ်းအထူးအဖွဲ့(၁၇)မှဖောက်လုပ်နေသည့် မေယုတောင်ကျော်လမ်းဖြစ်သော ကြိမ်ချောင်း- ဂုပ္ပိ လမ်း မိုင်တိုင် (ဝ/၆) အနီးတံတား အမှတ်(၁)ပေ (၆၀’) တံတားအားကြည့်ရှု စစ်ဆေးခဲ့ပြီး တံတား၏ဘေလီကြမ်းခင်းများအား ယခု မိုးရာသီအတွင်း ကားများဖြတ်သန်းလို့ရအောင် အပြီးဆောင်ရွက်ပေးရန်မှာကြားသည်။
အဆိုပါလမ်းသည် အသစ်ဖောက်လုပ်ခြင်းဖြစ်ပြီး (၁၀) မိုင် (၅)ဖာလုံရှည်လျားသည်။ လက်ရှိ အချိန်တွင် ဒုအခြေခံလွှာအမာခံ လမ်းခင်းခြင်း(၈၅ ရာခိုင်နှုန်း)ပြီး နေပြီးတံတားစီမံကိန်း အထူး အဖွဲ့(၃)မှ တည်ဆောက် သော (ပေ ၆၀) အထက်တံတား (၇) စင်းမှာပျမ်းမျှ(၇၀ ရာခိုင်နှုန်း) ပြီးစီးကာ ပေ ၆၀ဝ တံတားတစ်စင်းမှာ (၇ ရာခိုင်နှုန်း) ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၁၂ ရက်တွင် တံတားစီမံကိန်းအထူးအဖွဲ့ (၄)မှ တည် ဆောက်နေသော မောင်တော - အငူမော်လမ်းမိုင်တိုင် (၁/ဝ) အနီးရှိပေ (၂၄၀) အရှည်ပန်းတောပြင် တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ တံတားမှာ သံကူ ကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီးလက်ရှိအချိန်တွင် (၇၈ ရာခိုင်နှုန်း) ပြီးစီးနေ ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းအထူးအဖွဲ့(၁၇)မှဖောက်လုပ်နေသည့် ဉဒေါင်း- ညောင်ချောင်းလမ်းစီမံကိန်း မိုင်တိုင်အမှတ် (၁/၂) အနီးတံတားတည်ဆောက်ရန် နေရာအား ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးကတံတား Structural Design ပုံစံအား အတည်ပြုပေးကာ လမ်းသစ် ဖောက်လုပ်ခြင်းဖြစ်၍ မိုးတွင်းကာလ၌ဖို့မြေနှင့် ဖြတ်မြေလုပ်ငန်းများအခြေအနေကို စောင့်ကြည့် ထိန်းသိမ်းပြုပြင်သွားရန်မှာကြားသည်။ အဆိုပါလမ်းမှာ(၁၀)မိုင် (၇)ဖာလုံရှိပြီး(၃၄’) အကျယ် ဖို့မြေ/ဖြတ်မြေမြေလုပ်ငန်းနှင့်၂၀’ အကျယ်ဒုအခြေခံလွှာ အမာခံလမ်းခင်း(၁၀ဝ ရာခိုင်နှုန်း) ပြီးစီးပြီး (၅၀’)အောက် Box Culvert (၅၈) စင်းတည်ဆောက်ရာတွင်လည်း ၁၀ဝရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန္ဒူ - အင်းဒင် - စေတီပြင် (မေယု တောင်ကျော်) လမ်း မိုင်တိုင်(ဝ/၃) အနီးအမှတ် (၁) တံတား (၉၀’) အားလည်းကောင်း၊ မိုင် (၃/ဝ)အနီး အမှတ်(၂) တံတား (၁၈၀’)၏လုပ်ငန်းပြီးစီးမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မေယုတောင်ကျော်လမ်းများ ဖောက်လုပ်ရာ၌ လုံခြုံရေးသတိဖြင့် အထူးသတိထား ဆောင်ရွက် သွားကြရန်နှင့် ကွန်ကရစ်လမ်းခင်းရာ၌ Mixed Ratio များမှန်အောင် ဆောင်ရွက်သွားရန်မှာကြားသည်။ အဆိုပါလမ်းမှာ (၁၀)မိုင် (၇)ဖာလုံ ရှည်လျားပြီး(၂၀’) အကျယ်အမာခံ လမ်းခင်းခြင်း (၉)မိုင်၊ (၁၈’) အကျယ်ကွန်ကရစ်လမ်းခင်းခြင်း (၅)မိုင် (၁)ဖာလုံ၅၀’ အောက်တံတား (၅၈) စင်းမှာ(၁၀ဝ%) နှင့်(၅၀’)အထက်တံတား (၈)စင်းမှာ(၇၀%) ပြီးစီးနေပြီးစီမံကိန်းတစ်ခုလုံး၏ (၅၅ ရာခိုင်နှုန်း) ပြီးစီးနေကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ပန္ဒူမှ အငူမော်အထိ Asia World Co.,Ltd မှ ကွန်ကရစ်လမ်းခင်းထားမှု အခြေအနေများ လမ်းတစ်လျှောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


