မင်းတုန်း ၂၂ ဇူလိုင်


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ယမန်နေ့ညနေ ၂ နာရီတွင် သရက်ခရိုင် မင်းတုန်းမြို့နယ်သို့ရောက်ရှိပြီး လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာတို့မှ တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပုသိမ်-မုံရွာလမ်း မိုင်တိုင်အမှတ် ၂၀၅/၂ နှင့် ၂၀၅/၆ အကြားရှိ ယာဉ်မတော်တဆမှု နှစ်စဉ်ဖြစ်ပွားသည့် လမ်းကွေ့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

1

 


ထို့နောက် လိုအပ်သည့် လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူရန်နှင့် လမ်းကွေ့တွင် လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပါက အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

 

1

 


ဆက်လက်၍ မင်းတုန်း-သရက်လမ်းပိုင်းရှိ သရက်-မင်းတုန်းလမ်း မိုင် ၂၁/၇-၂၂/ဝ ကြား မြေထိန်းနံရံ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ချင်းကလေး(မင်းတုန်း)