နေပြည်တော် ဇွန် ၂၃

 

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတိုးမြှင့်ရေး အထူးသဖြင့် နိုင်ငံတော် သမ္မတ၏ အိန္ဒိယနိုင်ငံသို့ မကြာမီကသွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်အတွင်း နှစ်ဖက် ဆွေးနွေးခဲ့သည့် ကိစ္စရပ်များအပေါ် ဆက်လက်ပူးပေါင်း အကောင်အထည်ဖော်သွားရေး၊ နှစ်နိုင်ငံ အကြား ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်း အပါအဝင် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် မြန်မာနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်သင်တန်းများ ပေးအပ်သွားရေးနှင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်