နေပြည်တော် မေ ၁၆ 

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်ရှိ မဟာဝိဇိတာရုံပရိယတ္တိ စာသင်တိုက်တွင် သာသနာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင် လိုက်လံကြည့်ရှုအားပေးသည်။

 

ဆက်ကပ်လှူဒါန်း

 

ယင်းနောက် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသရိန္ဒကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်