နေပြည်တော် နိုဝင်ဘာ ၂၀

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဉီးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် Mr. Pyotr ILYICHEV ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ထို့နောက် မြန်မာ-ရုရှား၊ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညွှန်ကြားရေးမှူးချုပ် အဆင့်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ နှစ်နိုင်ငံအကြား ကုလသမဂ္ဂနှင့် နိုင်ငံ တကာမျက်နှာစာ၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကိုအမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
 
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိများနှင့် ရန်ကုန်မြို့၊ ရုရှားသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်