နေပြည်တော်  ၁၅   ဒီဇင်ဘာ 

အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ဘဏ္ဍာရေး ဒုတိယဝန်ကြီးများနှင့် ဗဟိုဘဏ် ဒုတိယဥက္ကဌများ အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှားမင်းမြို့၌ ဒီဇင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်သည်။ 

 

a

 

အစည်းအဝေး ပထမနေ့တွင် ကမ္ဘာလုံးဆိုင်ရာနှင့် အာရှဒေသဆိုင်ရာ မေခရိုစီးပွားရေး အခြေအနေနှင့် ရှေ့အလားအလာများ၊ အာရှဒေသတွင်း လွတ်လပ်စွာကုန်သွယ်မှု သဘော တူညီချက်များကို အာဆီယံ + ၃ နိုင်ငံများ၏ ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ် သက်ရောက်နိုင်မှုများကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် အာဆီယံ + ၃ မေခရိုစီးပွားရေး သုတေသန အဖွဲ့(AMRO) တို့က ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးများနှင့် ဒုတိယဥက္ကဌများက အမြင် ခြင်း ဖလှယ်ဆွေးနွေးကြသည်။ 

ထို့နောက် အာဆီယံ + ၃ နိုင်ငံများ၏ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ AMRO ရုံး၏ ကာလလတ် ရှေ့လုပ်ငန်းစဉ်၊ ၂၀၂၀ ပြည့်နှစ် လုပ်ငန်း စီမံချက်များ၊ ဘတ်ဂျတ်နှင့် ဝန်ထမ်းခန့်အပ်မှုများကို အစီအစဉ်အလိုက် ဆွေးနွေးညှိနှိုင်း အတည်ပြုကြသည်။

 

a

 

အစည်းအဝေး ဒုတိယနေ့တွင် ဘဏ္ဍာရေး အကြပ်အတည်းဖြေရှင်းမှုဆိုင်ရာ ချင်းမိုင် သဘောတူညီချက်အပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အဖွဲ့ဝင်နိုင်ငံများ အပေါ် စီးပွားရေးလေ့လာဆန်းစစ်မှု၊ ဘဏ္ဍာရေးအကြပ်အတည်းဖြစ်ပါက အကြပ်အတည်း ဖြစ်သည့် နိုင်ငံမှ ငွေကြေးအကူအညီလက်ခံနိုင်မည့် နည်းလမ်းများ၊ အာရှငွေချေးစာချုပ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အသေးစိတ်ဆွေးနွေးကြသည်။

အဆိုပါအစည်းအဝေးကို ၆ လ ၁ ကြိမ် ပုံမှန်ကျင်းပပြုလုပ်ပြီး အာဆီယံ + ၃ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများ အစည်းအဝေးအောက်မှ လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ 

သတင်းစဉ်