နေပြည်တော် အောက်တိုဘာ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌  သထုံခရိုင်နှင့် ကျိုက်ထိုခရိုင်တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီး မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေ သောစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများ အောင်မြင် ရေးအတွက်ဦးစီးဌာန(၄) ခုပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေးသတိနှင့် ကျန်းမာရေးအသိရှိရေး တို့ကိုမှာကြားပြီးလုပ်ငန်းလိုအပ်ချက်တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူများ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေသော နိုင်ငံ့ စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ၊ သမဝါယမနှင့် ကျေလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်နေသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၊ မြစိမ်း ရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းများ၊ ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေထူ ထောင်ခြင်း လုပ်ငန်းများ၊ ကျေး လက်ဒေ သ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က အသေးစားစက်မှုလက်မှု ဥပဒေနှင့် နည်းဥပဒေဆိုင်ရာများ၊ အသေးစား စက်မှု လက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသောင်းနိုင်က သမဝါယမစနစ်ဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းမှ ရရှိ လာနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရွာလွတ်ကျေးရွာ၊ ကလော့ကျေးရွာ၊ ညောင်လမ်း ကျေးရွာ၊ မုဒွန်းကျေးရွာ၊ ကွမ်ရိုက်ကျေးရွာနှင့် ကမာမိုကျေးရွာတို့မှ တက်ရောက်လာကြသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းလိုအပ်ချက် တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေါင်းရပ်ရှေ့စံပြကျေးရွာရှိ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသူ အသင်းသားများ လုပ်ငန်းခွင် အသုံးပြုရန်  စက်ဘီး (၅) စီး ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွာလွတ်ကျေးရွာရှိ ရွှေဝါလယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းအရောင်းဆိုင်ကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မွန်ပြည်နယ် အစိုးရဧည့်ရိပ်သာ၌ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ်တို့မှ ဆားလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အရည်အသွေးကောင်းမွန်သောဆားကြမ်းဆားချောများ ထုတ်လုပ်နိုင်ရေး၊ ပြည်ပသွင်းကုန် အစားထိုးအိုင်အိုဒင်းဆားချောထုတ်လုပ်နိုင်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းပိုမိုရရှိလာစေရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်