နေပြည်တော် ဖေဖော်ဝါရီ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာနေ တောင်သူဦးသန်းမြင့်၏ ပီလောပီနံစိုက်ခင်းနှင့် ပီလောပီနံကုန်ချောထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုပြီး လေးမျက်နှာ မြို့နယ်အတွင်း ပီလောပီနံ အမှု့န်ကြိတ်စက် (၇၄) လုံးဖြင့် ထုတ်လုပ်နေမှုအခြေအနေ၊ ထပ်မံ၍ အဆင့်မြင့်အမှုန့်ကြိတ်စက်များ တည်ဆောက်မည့်အခြေအနေ၊ ပီလောပီနံ မျိုးကောင်းမျိုးသန့်များ ရယူစိုက်ပျိုးမည့်အခြေအနေနှင့် ဈေးကွက်ရရှိမှုအခြေအနေတို့ကို ဆွေးနွေးကာ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ် ပရဟိတကျောင်းတိုက်ဆရာတော် အား သွားရောက်ဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး လေးမျက်နှာမြို့နယ် အောက်စု ကျေးရွာနှင့် ယင်းဆယ်ကျေးရွာချင်းဆက်လမ်းအခြေအနေနှင့် တံတားတည်ဆောက်ရန် နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက ယင်းဆယ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနေသော အသေးစားဆိုလာဓာတ် အားပေးစနစ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
အဆိုပါ အသေးစားဆိုလာ ဓာတ်အားစနစ်စီမံကိန်းသည် 224.4 kw PV Diesel Hybrid Mini-Grid System ကို အသုံးပြုကာ ကျေးရွာရှိ အိမ်ခြေ (၅၄၄)လုံး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် အသေးစား စက်မှုလုပ်ငန်း (၂၀) တို့ကို အကျိုးပြုမည် ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်အတွင်း ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကွင်းကြီးကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်ပေးနေသည့် ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းများကို ရှင်းလင်းပြော ကြားပြီး ကျေးရွာသူ၊ ကျေးရွာသားများ၏ ဒေသဖွံဖြိုးရေးတင်ပြချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကွင်းကြီးစံပြကျေးရွာမှ တောင်သူ ဦးအောင်သန်း၏ ပဲတီစိမ်း စိုက်ခင်းသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ထုတ်လုပ်ထားသော ပဲရိတ် စက်ဖြင့် သရုပ်ပြရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။
မတ်ပဲ၊ ပဲတီစိမ်းကို လူလုပ်အားဖြင့် နှုတ်ပါက ၁ ဧကလျင် လူ ၁၀ ယောက်အတွက် အနည်းဆုံး ငွေကျပ် ၈၀,၀၀၀ ခန့်ကုန်ကျမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ထုတ်လုပ် ထားသော ယခုပဲရိတ်စက်သည် ၁ နာရီလျင် ၁ ဧက ရိတ်သိမ်းနိုင်၍ ကုန်ကျစရိတ်မှာလည်း ဆီဖိုး ၅၀၀၀ ကျပ်ခန့်သာ ကုန်ကျ၍ တစ်နေ့လျင် ၇ ဧကခန့် ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း၊ စက်တန် ဖိုးကျပ် သိန်း (၃၀) ဖြင့် သမဝါယမအသင်းအဖွဲ့များ၊ တောင်သူများဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်