နေပြည်တော် မတ် ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မတ် ၁၅ ရက်တွင် ကယား ပြည်နယ် လွိုင်ကော်မြို့ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အထက်အောက်အပြန်အလှန် လေးစားမှုဖြင့် ဌာနတွင်းစည်းလုံး ညီညွတ်ရေး တည်ဆောက်၍ ရင်းနှီးချစ်ခင်စွာနေထိုင်ကြရန်၊ အခက်အခဲများရှိပါက တင်ပြကြရန်၊ ဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေကြိုးစား ကြရန်၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိလာ သည်နှင့်အမျှ ဦးစီးဌာနအလိုက် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် သမဝါယမစနစ်ကို အခြေခံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန အောက်ရှိ ပြည်နယ်/ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင် ကျောင်းရှိ သင်တန်းသူများနှင့် တွေ့ဆုံခဲ့သည်။
သတင်းစဉ်