နေပြည်တော် မေ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ ညနေပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန (၄) ခုမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ထမ်းအိမ်ရာများ၊ သင်တန်းခန်းမနှင့် ရုံးအဆောက်အဦများ အမြန်ပြန် လည်ပြုပြင်တည်ဆောက်ရေး၊ လိုအပ်သည့် တည်ဆောက်ရေး ပစ္စည်းများ အချိန်နှင့် တစ်ပြေးညီ ရောက်ရှိရေး၊ အမိုးသွပ်များ ရောင်တူဖြစ်စေရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏လုပ်ငန်းများ၊ လမ်း/ တံတားအပါအဝင် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရေး မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်