နေပြည်တော် ဒီဇင်ဘာ ၂၇

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) အဋ္ဌမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘွဲ့ရကျောင်းသားကျောင်းသူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။

 

ဉီးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပညာရေးနှင့်ပတ်သက်၍ ယုံကြည်ချက်၊ ခံယူချက်များ မှန်ကန်ရန်လိုကြောင်း၊ ဘွဲ့ရကျောင်းသား ကျောင်းသူများ၏ အရည်အချင်းနှင့် အရည်အသွေး မြင့်မားရေးအတွက် အရည်အသွေး အာမခံမှုရှိသည့် ရလဒ်အခြေပြုပညာရေးစနစ် (Outcome based Education) ကိုပီပြင်စွာ အကောင်အထည်ဖော် ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက ပညာသင်နှစ်အလိုက် ထူးချွန်ဆုရ ကျောင်းသားကျောင်းသူ များကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း) အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘော်လုံး၊ ဘော်လီဘော၊ ခြင်းလုံး အစရှိသည့် အားကစားပစ္စည်းများကို ပေးအပ်ရာ ပါမောက္ခချုပ် ဒေါက်တာ မို့မို့ရီက လက်ခံရယူသည်။

 

ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကိုယ်စားပြု ဘောလုံးအသင်းတွင် ပါဝင်ကစားခဲ့ပြီး တတိယကြေးတံဆိပ် ရရှိခဲ့ကြသည့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) မှ ကျောင်းသား () ဦး၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) မှ ကျောင်းသား () ဦး တို့ကို ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုငွေကျပ် () သိန်းစီ ပေးအပ်သည်။

 

ယနေ့ကျင်းပသော အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင်တွင် မဟာဘွဲ့ရရှိသူ () ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ရရှိသူ (၂၂၁)ဦး၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ () ဦး၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုပညာ ဒီပလိုမာရရှိသူ (၂၅) ဦးတို့ကို သက်ဆိုင်ရာဘွဲ့အလိုက် ချီးမြှင့်အပ်နှင်းမည် ဖြစ်သည်။

 

ယမန်နေ့ညနေပိုင်းက ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ သွားရောက်၍ ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာ () နှစ် သင်တန်းနှင့် ပေါင်းကူးသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ () နှစ်သင်တန်း၊ လက်ရက်ကန်း()လသင်တန်း၊ ရိုးရာလွန်းရာကျအချိတ် () သင်တန်းတို့မှ သင်တန်းဆင်းမည့် ကျောင်းသား ကျောင်းသူ (၄၃) ဦးတို့၏ သဘာဝဆိုးဆေး အသုံးပြုထားသော ချည်ထည်များကို စက်ရက်ကန်း၊ လက်ရက်ကန်းတို့ဖြင့် ရက်လုပ်၍ အဝတ်အထည်နှင့် ဒီဇိုင်းယှဉ်ပြိုင်သည့် ကျောင်းဆင်းလက်ရာပြပွဲကို ကြည့်ရှုအားပေးပြီး ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)