နေပြည်တော် စက်တင်ဘာ ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ၂၀၂၄ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့သော ဝန်ကြီးဌာနအောက်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) နှင့် (စစ်ကိုင်း) တို့မှ အားကစားသမားများ၊ အသင်းအုပ်ချုပ်သူနည်းပြများနှင့် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အားပေးစကားပြောကြားည်။ 
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင် ဘောလုံးသမားများ၊ အသင်းအုပ်ချုပ်သူ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တက္ကသိုလ်ဘောလုံးအသင်းနှင့် နည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပသည့် ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဝန်ထမ်းများအနေဖြင့် ဌာနအလိုက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဉပဒေ၊ နည်းဉပဒေ၊ ဦးစီးဌာနမှ ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စေတနာထား၍ အကောင်းဆုံး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရန် အချက်များနှင့် ရှောင်ကြည်ရန်အချက်များကို ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း၊ ညွှန်ကြားရေးမှူး (စီမံ) က ဝန်ထမ်းသက်သာ ချောင်ချိရေး ဆောင်ရွက်ပေးထားမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများ၏ တင်ပြချက်မှုအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်း (၄၈၂) ဦးအတွက် တစ်ဦးလျှင် မြေပဲဆီသန့် (၅၀) သားစီ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်