ရန်ကုန် အောက်တိုဘာ ၂၂ 

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် သည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိ သူများနှင့်အတူ ယနေ့တွင် အမှတ်(၁) ဆူးလေဆိပ်ကမ်းတံတား၌ ပြည်ပသို့ ဆန်တင်ပို့ မှုအခြေအနေများနှင့် သန်လျင်သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတံတားများသို့ ဆိုက်ကပ် ထားသော စက်သုံးဆီတင်သင်္ဘောများမှ စက်သုံးဆီ Terminal များသို့ ဆီချလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၀ နာရီခွဲတွင် အမှတ်(၁)ဆူးလေဆိပ်ကမ်းသို့ ရောက်ရှိပြီး ဆိပ်ကမ်းတာဝန်ကျများမှ ဆိပ်ကမ်းပိုင်းဆိုင်ရာ အချက်အလက်များ၊ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက ပြည်ပသို့ဆန်တင်ပို့မှုကို ရှင်းလင်းတင်ပြ ရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး MV–VTC Ocean တွင် ဆန်တန် ချိန် (၂၁,၃၀၀) ၊ MV-VOLA တွင် ဆန်တန်ချိန် (၂၆,၇၅၀)နှင့် MV-AGIA IOANNA တွင် ဆန်တန်ချိန်(၃၀,၂၅၀) သင်္ဘောများပေါ်သို့တင်ဆောင်၍ ထွက်ခွာမည့် အခြေအနေများ ကို ကြည့်ရှုအားပေးသည်။

ယင်းနောက် သန်လျင်သီလဝါဆိပ်ကမ်းသို့ရောက်ရှိပြီး မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများက စက်သုံးဆီသင်္ဘောများ ဝင်ရောက်ရန် စီမံထားရှိမှု၊ ယခုအပတ်ရုံးပိတ်ရက်ရှည်အတွင်း စက်သုံးဆီဆိုင်များ တွင်စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ထားရှိသည့် အစီအမံများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့မှုများအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး Regency၊ Elite စက်သုံးဆီ တံတားများ၌ ဆိုက်ကပ်ထားသော ရေယာဉ်များမှ ဆီချနေမှုများကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်