နေပြည်တော် ဇန်နဝါရီ ၁၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး သည် ယနေ့ မွန်းလွဲပိုင်းတွင် ချောင်းသာမြို့သို့သွားရောက်၍ ချောင်းသာကမ်ခြေဒေသရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များနှင့် ဆက်စပ်လုပ်ငန်း လုပ်ကိုင်နေသူများကို Azura Hotel ၌တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က ချောင်းသာကမ်းခြေသည် အလွယ်တကူ သွားလာနိုင်သော ခရီးစဉ်ဒေသတစ်ခု ဖြစ်ပါကြောင်း။ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များကို ရက်ရှည်တည်းခိုနေထိုင်လည်ပတ်အောင် ဆွဲဆောင်နိုင်မည့် အစီအစဉ်များကို ဖော်ထုတ်နိုင်ရန် ဒေသခံများ၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များကို ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး၊ ကမ်းခြေဒေသကိုသန့်ရှင်း သာယာလှပပြီး ရေရှည်တည်တံ့စေရေး၊ ပင်လယ်ရေအောက်သယံဇာတများနှင့် သဘာဝ ပတ်ဝန်းကျင်များ ထိခိုက်မှုမရှိစေရေးနှင့် ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးတို့ကို ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (DMO) များနှင့် ခရီးသွား လုပ်ငန်းနယ်ပယ်အသီးသီးမှ အစိုးရ၊ ပုဂ္ဂလိက Stakeholders များ အားလုံးဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဟိုတယ်ခရီးသွားလုပ်ငန်းရှင် များနှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်နေကြသူများက ၎င်းတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် Azura Hotel တွင် ဧည့်စာရင်းစီမံခန့်ခွဲမှု စနစ် Hotels Guest List Management System (HGLMS)အသုံးပြုနေမှုအခြေအနေများ၊ ခရီးသည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေး၊ ကောင်းမွန်သည့် ဝန်ဆောင်မှု များပေးနိုင်ရေး၊ ဟိုတယ်အတွင်းအပြင် သန့်ရှင်းသာယာလှပရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ရေကူးကန် တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ချောင်းသာမြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာသို့သွားရောက်ကာ ရိပ်သာတွင်အပန်းဖြေတည်းခိုနေသည့် နိုင်ငံတော်အတွက် ကိုယ် လက်အင်္ဂါများစွန့်လွှတ်ခဲ့သော  တပ်မတော်အရာရှိ၊ စစ်သည်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ အားပေးစကားပြောကြားပြီး တစ်ဦးချင်းစီအားထောက်ပံ့ကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း သိရသည်။

သတင်းစဉ်