နေပြည်တော် ဖေဖော်ဝါရီ ၂၄
ဟိုတယ်နှင့်ခရီးသွားလားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး သည် ယနေ့ နံနက်ပိုင်းတွင် ညောင်ဦးမြို့အနီးရှိ သဲပြင်တောကျေးရွာသို့ သွားရောက်ပြီး အဆိုပါ ကျေးရွာရှိ ရှေးနှစ် ပေါင်း ၁၅၀ ခန့်ကတည်ထားခဲ့သော ရှေးဟောင်းဘုန်းကြီးကျောင်း (ရုပ်စုံကျောင်း)နှင့် ကျေးရွာ သဘာဝအလှအပများနှင့် နေဝင်ချိန်ရှုခင်းအလှအပများကို ကြည့်ရှုခံစားနိုင်သည့် ရွှေနတ်တောင် ပေါ်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ခရီးစဉ်ဒေသအသစ် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ညောင်ဦးမြို့၏ အရှေ့တောင်ဘက်ရှိ ဇီးအိုကျေးရွာသို့ သွားရောက်ကာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားစွာ လာရောက်လည်ပတ် လေ့ရှိသော နှစ်ပေါင်း ၉၀၀ ခန့်သက်တမ်းရှိသော မကျီးပင်ကိုးခွနှင့် အင်ကြင်းတောများကို လှည့်လည်ကြည့်ရှုပြီး ကျေးရွာ၏အထင်ကရဖြစ်သော မကျီးပင်ကြီးနှင့် အင်ကြင်းတောကို သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးမှုမရှိအောင် ဒေသခံများနှင့် ဒေသအာဏာပိုင်များက ဝိုင်ဝန်းထိမ်းသိန်းရန်ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပလင်းကမ်းသာယာ ဆင်စခန်းသို့ သွားရောက်ကာ သဘာဝအခြေခံခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ခရီးသွားဧည့်သည် များ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံစိတ်ချစွာ လာရောက်လည်ပတ်၍ အပန်းဖြေနားနေနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ ဆင်စခန်းတွင် ပြင်တွင်းပြည်ပခရီးသွားဧည့်သည်များအတွက် ဆင်များကို အနီး ကပ်ထိတွေ့ကြည့်ရှုနိုင်ပြီး ကိုယ်တိုင်အစာကျွေးနိုင်ခြင်း၊ အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးနိုင်ခြင်း၊ ဆင်များကို မြစ်အတွင်း ကိုယ်တိုင်ရေချိုးပေးနိုင်ခြင်း၊ ဆင်နှင့်ပတ်သက်သည့် စာအုပ်စာတမ်းများကို အခမဲ့ဖတ်ရှုလေ့လာနိုင်ခြင်း၊ ဆင်စီးပြီး ဧရာဝတီမြစ်၏အလှနှင့် ညနေ ခင်းကို ကြည့်ရှုနိုင်ခြင်း၊ ရှုခင်းကြည့်တံတားများပေါ်တွင် အပန်းဖြေနားနေနိုင်ခြင်း၊ ဆင်များ၏ သရုပ်ပြသမှုကို ကြည့်ရှုနိုင်ခြင်းနှင့် ဆင်ပြတိုက်သို့ လေ့လာကြည့်ရှုနိုင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပုဂံမြို့ Aureum Palace Hotel & Resort ရှိ နန်းမြင့် မျှော်စင်သို့သွားရောက်ကာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရန် ပြင်ဆင်ဆောင် ရွက်ထားမှု၊ နန်းမြင့်မျှော်စင်ပေါ်မှ ပုဂံဒေသ၏ဘုရာစေတီပုထိုးများနှင့် သဘာဝ ရှုခင်းအလှအပများ၊ နေထွက်ချိန်နှင့် နေဝင်ချိန်းအလှအပများကို ကြည့်ရှုခံစားနိုင်အောင် ဆောင်ရွက်ထားမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်