နေပြည်တော် ဇန်နဝါရီ ၂၈

 

သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော ဝန်ထမ်းများကို တစ်ဆင့်မြှင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်နိုင်ရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရည်အချင်းစစ် ရေးဖြေ စာမေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမနှင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ရုံးခွဲများအလိုက် စာစစ်ဌာနများတွင် ကျင်းပရာ ဒုတိယဝန်ကြီး  ဦးဖြိုးဇော်စိုး က ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အရည်အချင်းပြည့်ဝပြီး ဝန်ကြီးဌာနနှင့် နိုင်ငံအကျိုး သယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများ ဖြစ်စေရေးအတွက် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ အရည်အချင်းစစ် စာမေးပွဲကိုလည်း ဝန်ထမ်းများအနေဖြင့် ကြိုးစားဖြေဆိုကြရန်အားပေး မှာကြားသည်။

အဆိုပါ အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နေပြည်တော် (ရုံးချုပ်) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများနှင့် ပြည်တွင်း/ ပြည်ပသင် တန်းများသို့ တက်ရောက်သင်ကြားနေသော ဝန်ထမ်းများက သက်ဆိုင်ရာ ရာထူးအဆင့် နေရာများအလိုက် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်