နေပြည်တော် မေ ၂၆

 

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်သည် မေ ၂၄ ရက် မွန်းလွဲပိုင်းတွင် မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ်ရှိ အမှတ်(၅)အထည်စက်ရုံ(ပခုက္ကူ)သို့ ရောက်ရှိပြီး စက်ရုံရှင်းလင်း ဆောင်ခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စက်ရုံမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများအား အရည်အသွေး ပြည့်မီစေရေးအတွက် အရည်အသွေးစီမံခန့်ခွဲမှုစနစ်များ ထူထောင်ထားရှိရန်လိုကြောင်း၊ မကြာမီကာလ အတွင်း စာသင် ကျောင်းများ ဖွင့်လှစ်တော့မည် ဖြစ်၍ ကျောင်းသား ကျောင်သူများအတွက် အရည်အသွေးပြည့်မီသည့် ကျောင်းစိမ်းဝတ်စုံများ ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်သွားရန် လိုကြောင်း မှာကြားကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုအပ်သော ဝါဂွမ်းကုန်ကြမ်း ပစ္စည်းများ ဝယ်ယူရရှိရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စက်ရုံရှိချည်မျှင် ဌာနနှင့် ကုန်ကြမ်းသိုလှောင်ရုံတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

မတ် ၂၅ ရက် နံနက်ပိုင်းတွင် အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)သို့ရောက်ရှိပြီး ထုတ်လုပ်ရေး(၁)ဌာန၊ လေသန့်စင်သည့် အလုပ်ရုံ(ASP)တွင် Turbo Compressor ပြင်ဆင်နိုင်ရေးဆောင်ရွက်နေမှု အခြေအနေ၊ သံရည်ကြိုအလုပ်ရုံ (၁) Melt Shop (1)တွင် သံရည် ကြိုမီးဖို(EAF)ရှိ လေနှင့်အမှုန် အမွှားများ စုပ်ထုတ်ဖယ်ရှားသည့် (Removable Duct) ဧရိယာရှိ ရေပိုက်လိုင်းများ ပြန်လည်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေ၊ မဖောက်ထုံးထုတ်လုပ်သည့် Ton 120 Lime Plant တွင် မဖောက်ထုံး သိုလှောင်သည့် Silo Bin ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ Melt Shop(2) ရှိ ကုန်ကြမ်း သယ်ယူသည့်ဧရိယာသို့ MAN Hole အတွင်းရေဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်မှုအခြေအနေ၊ သံပြား ကြိတ်သည့် အလုပ်ရုံ (Hot Strip Mill)တွင် (၆၅)ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ Crop Shear ဧရိယာနှင့် Entry Side Guide ဧရိယာရှိ Mechanical and Civil Drawing များအား ကြည့်ရှုစစ်ဆေးပြီး Melt Shop (1)တွင် သံရည်ကြိုခြင်းလုပ်ငန်းအား ဇွန်လပထမအပတ်တွင် စတင်လည်ပတ်နိုင်ရေးနှင့် သတ်မှတ်လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရန်၊ Melt Shop (2) ဧရိယာတွင် ဆောင်ရွက်မည့် Hydraulic လုပ်ငန်း၊ WTP ပိုက်လိုင်းစစ်ဆေးခြင်းလုပ်ငန်း၊ HVAC စစ်ဆေးခြင်းလုပ်ငန်းနှင့် Automation လုပ်ငန်းများအား စက်တင်ဘာလအပြီး ဆောင်ရွက်ရန် တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်