နေပြည်တော် မတ် ၈

 

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် စက်ရုံမှူးက ယခုဘဏ္ဍာရေးနှစ်အတွင်း ထုတ်လုပ်မှုလျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်နေမှုနှင့် လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ အခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စက်ရုံမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်း များသည် လက်ရာသေသပ်မှု၊ ခိုင်ခံ့မှု၊ ဈေးနှုန်းချိုသာမှု၊ အမြင်တင့်တယ်ဆန်းသစ်မှု စသည်တို့နှင့် ကိုက်ညီသည့် ထုတ်ကုန်ပစ္စည်းများဖြစ်အောင် စီမံဆောင်ရွက်ရန်၊ စက်ရုံမှထုတ်လုပ်သော ထုတ်ကုန် ပစ္စည်းများနှင့်ပတ်သက်၍ လိုအပ်သည့် မိုလ်ဒိုင်များကို တီထွင်ထုတ်လုပ်နိုင်ရေးအတွက် သင်တန်း ကျောင်းများ ကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ အထူးကြပ်မတ်ကုသဆောင်သုံး ကုတင်များ စမ်းသပ်ထုတ်လုပ်နိုင်ရေးအတွက် စီမံချက်များရေးဆွဲဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေး လုပ်ငန်းများကို မှာကြားပြီး ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့် ဆေးရုံသုံးကုတင်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်ရောင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများ ကို လျာထားချက်အတိုင်း ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မှာကြားကာ တစ်ခါသုံး ဆေးထိုးအပ်များ ထုတ်လုပ်သည့်ဌာနအတွင်း လှည့်လည်ကြည့်ရှုသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြစ်သားမြို့ရှိ အမှတ်(၇)အထည်စက်ရုံ(မြစ်သား)သို့ သွားရောက် ကြည့်ရှုစစ်ဆေး၍ စက်ရုံမှထုတ်လုပ်သည့် ကုန်ချောများ ယခုထက် ပိုမိုရောင်း ချနိုင်ရေး စီမံဆောင်ရွက် သွားရန်၊ မှာကြားပြီး ၁/၄၀ ချည်များနှင့် ၂/၈၀ ချည်များ ထုတ်လုပ်နေမှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး တာဝန်ရှိသူ များနှင့်တွေ့ဆုံကာ ယခုဘဏ္ဍာရေးနှစ်အတွင်း လေးထောင့်ပုံသံမဏိချောင်းများ လျာထားချက် ပြည့်မီရေး အတွက် အထူးအလေးထား ဆောင်ရွက်ရန်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သံမဏိချောင်းများ လျာထား ချက်ထက် ပိုမိုထုတ်လုပ်နိုင်ရေးအစီအမံများ ရေးဆွဲဆောင်ရွက်ရန်နှင့် ကုန်ကြမ်းများ ကြိုတင်စုဆောင်းထား ရန်မှာကြားပြီး အောက်ဆီ ဂျင်ထုတ်လုပ်ရေးအလုပ်ရုံ၊ ကုန်ကြမ်းအဖြစ်အသုံးပြုမည့် အင်ဂျင်များ ဖြတ်တောက်နေမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး Deformed Bar များ ထုတ်လုပ်ရာတွင် အသုံးပြုမည့် လေးထောင့်ပုံသံမဏိချောင်းများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)