ရန်ကုန် မတ် ၇
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မိုးလုံလေလုံအားကစားရုံကို ကြည့်ရှုစစ်ဆေးပြီး နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးမှာကြားသည်။
ဆက်လက်၍ မတ် ၅ ရက် နံနက်က လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် မအူပင်ခရိုင်အားကစားကွင်း၌ ပြိုကျပျက်စီးသွားသော အုတ်တံတိုင်း၊ ပွဲကြည့်စင်မျက်နှာကြက်များ၊ အလေးမအားကစားရုံအတွင်းရှိ မျက်နှာကြက်များ၊ အုတ်နံရံများ ပျက်စီးသွားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြင်ဆင်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်