နေပြည်တော် ဇွန် ၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ သစ်တောပျိုးဥယျာဉ်ကို  ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိမှု၊ ပျိုးပင်အမျိုးအစားအလိုက် ဖြန့်ဝေ ပြီးစီးမှုနှင့် ဆက်လက်ဖြန့်ဝေမည့် အခြေအနေ၊ ၂၀၂၃ ခုနှစ်အတွက် ပျိုးထောင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ယခုနှစ်မိုးရာသီတွင် ပျိုးပင်များကို ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးရေး၊ စိုက်ပျိုးနည်းနှင့် ပြုစုထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းများကို ပြည်သူများသို့မျှဝေပေးရေး မှာကြားသည်။ 

 

mdn

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုက်ကြီးမြို့နယ်၊ တောင်လှိုင်ရိုးမကြိုးဝိုင်း အကွက်အမှတ် (၁၄) နှင့် (၂၁) တို့တွင် တည်ထောင်ထားရှိသည့် သစ်မာစိုက်ခင်းများနှင့် ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် တည်ထောင်ထားရှိသည့် တိုက်ကြီးမြို့နယ်၊ ရေစက်တောင်ကျေးရွာရှိ တစ်ရွာ ၂ ဧက ကျေးရွာသုံး ထင်းစိုက်ခင်းများ၏ အောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ သစ်တောအတန်းအစားအလိုက် သစ်တောဖုံးလွှမ်းမှု တိုးတက်စေရေးနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းရေး၊ သစ်တောသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေးအား အရှိန်အဟုန်မြှင့် ဆောင်ရွက်‌ရေး၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောအုပ်ချုပ်မှု တိုးမြှင့်ရေးနှင့် ကျေးရွာနေပြည်သူများအတွက် ထင်းလောင်စာရရှိနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး  မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်