နေပြည်တော် အောက်တိုဘာ ၃၁ 

သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ သည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်မှုဇုန်ရှိ National Wood Industry လီမိတက်၏ သစ်အခြေခံအချောထည် စက်ရုံသို့သွားရောက်၍ စက်ရုံအတွင်း ကျွန်းသစ်လုံးများ တင်ဒါစနစ်ဖြင့် ဝယ်ယူစုဆောင်းထားရှိမှု၊ ခေတ်မီစက်များအသုံးပြု၍ အဆင့် ဆင့်ခွဲစိတ်ဖြတ်တောက်မှု၊ အရွယ်အစား အမျိုးအစားအလိုက် အချောထည်ထုတ်လုပ်မှု၊ ဘေးထွက်ပစ္စည်းများကို စွန့်ပစ်မှုမရှိရအောင် အဆင့်မြင့်နည်းပညာနှင့် ခေတ်မီစက်ကိရိယာ အသုံးပြု၍ ပြည်ပပို့သစ်အချောထည်များအဖြစ် ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ် ဆေးသည်။ 

ထို့နောက် စက်ရုံရှင်းလင်းဆောင်တွင် အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ဝင်းက National Wood Industry လီမိတက်အနေဖြင့် သင်္ဘောကိုယ်ထည်နှင့် ကြမ်းခင်းတွင်အသုံးပြုသည့် သစ် အချောထည် (Decking) အပါအဝင် သစ်အချောထည်ပစ္စည်း များကိုထုတ်လုပ်တင်ပို့လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်အချောထည် ၈၄၆ ဒသမ ၂၇ ကုဗတန်၊ ၂၀၂၁-၂၀၂၂   ၆  လ  ဘဏ္ဍာနှစ်တွင် သစ်အချောထည် ၈၃၃ ဒသမ ၃၈ ကုဗတန်၊ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် ၈၁၆ ဒသမ ၅၇ ကုဗတန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပါကြောင်း၊ ယခုလည်း ဆက်လက် တင်ပို့လျက်ရှိကြောင်း ထို့ပြင် ထုတ်လုပ်မှုအဆင့်ဆင့်မှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်း များကိုလည်း အဆင့်မြင့်နည်းပညာအသုံးပြု၍ သစ်အခြေခံအချောထည်များအဖြစ် ထုတ်လုပ်လျက်ရှိကြောင်းနှင့် သစ်အခြေခံအချောထည်ပစ္စည်းများအား ပြည်ပသာမက ပြည်တွင်း လိုအပ်ချက်များအတွက်ပါ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။ 

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေးနှင့် အရည်အသွေးမြင့် မြန်မာ့ကျွန်းသစ်အခြေခံ အချောထည်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပ စျေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်သွားရန် မှာကြားသည်။ MSME လုပ်ငန်းတစ်ခု ဖြစ်သည့် National Wood Industry လီမိတက်သည် မြန်မာ့ကျွန်းသစ် အခြေခံအချောထည်များကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ပြည်ပစျေးကွက်များသို ပိုမိုတင်ပို့နိုင်ရေး MSME ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုတ်မြင့် ဆောင်ရွက်ရေးအတွက် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်