နေပြည်တော် မေ ၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ မြန်မာ့ သစ်လုပ်ငန်း၊ ဝါးတရာသစ် အခြေခံစက်မှုဇုန်နယ်မြေသို့ သွားရောက်စစ်ဆေးပြီး သစ်အခြေခံ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဇုန်စီမံခန့်ခွဲရေးကော်မတီ၏ ထိရောက်သော စီမံကြီးကြပ်မှုဖြင့် ဆောင်ရွက်ရေး သတ်မှတ်ရည်မှန်းချက်များ ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သစ်အခြေခံစက်မှု လုပ်ငန်းဌာနရှိ အမှတ် (၂) သစ်ပါးလွှာစက်ရုံ၊ အမှတ် (၃) သစ်ပါးလွှာစက်ရုံ၊ သစ်အခြေခံ စက်ရုံများမှထွက်ရှိသည့် ဘေးထွက်ပစ္စည်းများမှတဆင့် လောင်စာတောင့် (Wood Pellet) စမ်းသပ်ထုတ်လုပ်နေမှု၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနရှိ အမှတ် (၄) သစ်စက်နှင့် အမှတ် (၆) သစ်စက် တို့ကို သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

mdn

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ မင်းဓမ္မ ကုန်းတော်ရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် (ရန်ကုန်) သို့ သွားရောက် စစ်ဆေးပြီး ရတနာဆင်ဖြူတော်များ၏ လုံခြုံရေး၊ ကျန်းမာရေး၊ ကျွေးမွေး စောင့်ရှောက်ရေး၊ ထိန်းသိမ်းရေးကို အထူးဂရုပြု ဆောင်ရွက်ရန်၊ အများပြည်သူများ ဝင်ရောက်ကြည့်ရှုနိုင်ရေးတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ ပြည်ပ ရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ ကြို့ကုန်းသစ်ဆိပ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်