နေပြည်တော်၊ ဇွန် ၂၃

ArcGIS Platform နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲခြင်းလုပ်ငန်းနှင့် အဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူခဲ့စဉ်ကပင် ရပ်ကွက်/ ကျေးရွာ မြေပုံများကို GIS နည်းပညာဖြင့် စမ်းသပ်ရေးဆွဲနိုင်သကဲ့သို့ GIS Database တစ်ခု စတင်တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ GIS နည်းပညာကို ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများ၏ နည်းပညာနှင့် အသုံးပြုသည့် စက်ပစ္စည်းများ ပံ့ပိုးကူညီမှုများကိုလည်း ရရှိခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင် စာရင်းတွင် ၂၀၁၄ ခုနှစ် မတိုင်မီက ရေးဆွဲထားသော ကောက်ကွက်မြေပုံများကို အခြေခံပြီး ArcGIS နည်းပညာဖြင့် update ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ယခုသင်တန်းကို ESRI Myanmar Company Limited မှ နည်းပညာဆိုင်ရာ ပံ့ပိုးမှုဖြင့် ဝန်ထမ်းများ၏ အရည်အသွေးမြှင့် မွမ်းမံသင်တန်းအဖြစ် () လကြာ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ArcGIS Platform ဖြင့် မြေပုံရေးဆွဲခြင်းဆိုင်ရာ နည်းပညာသည် နောင်ကောက်ယူမည့် သန်းခေါင်စာရင်းနှင့် စစ်တမ်းများအတွက် များစွာအသုံးဝင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ESRI Myanmar Company Limited မှ Country Director ဖြစ်သူ MR. WUTTIBOON က ArcGIS Platform နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲ အသုံးပြုနိုင်မှုနှင့် Survey 123 Software အသုံးပြု၍ GIS Location နှင့် အဆောက်အအုံစာရင်းများကို Smart Phone ရှိသူတိုင်း အသုံးပြုနိုင်သည့် အခြေအနေ၊ သင်တန်းနှင့် ပတ်သက်၍ ဆက်လက်ပံ့ပိုးပေးမည့် အစီအစဉ်များကို Online မှတစ်ဆင့် ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ မြေပုံရေးဆွဲခြင်းဆိုင်ရာ အတွေ့အကြုံရှိသည့် ဝန်ထမ်း (၂၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ စာတွေ့လက်တွေ့ () လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

mdn