နေပြည်တော် ၄ ဩဂုတ်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယမန်နေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ရန်ကုန်မြို့ရှိ Tom Yan Koong စားသောက်ဆိုင်၌ အလွတ်သဘောတွေ့ဆုံ၍ ကိုဗစ်-၁၉ အလွန် ခရီးစဉ်လမ်းကြောင်းသစ်များ ပြန်လည်စတင်ရာတွင် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ခရီးလှည့်လည်ရေးလုပ်ငန်းများ Deposite နှင့် အာမခံကိစ္စရပ်များ၊ ကိုဗစ်-၁၉ relief plan ၏ ချေးငွေဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ ကျောက်ရေတွင်းလမ်းရှိ ဝန်ကြီးဌာနပိုင်မြေနေရာတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်