နေပြည်တော်    မတ်

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေ ၂၀၁၈ ပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ရည်ရွယ်ချက်တွင်ပါရှိသော ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများကို ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး နီလာခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဉပဒေ-၂၀၁၈ ရည်ရွယ်ချက်ဖြစ်သော မြန်မာနိုင်ငံကို ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ ခရီးစဉ်ဒေသတစ်ခုအဖြစ် အပေါ်ထွက်လာစေရေးအတွက် ထိရောက်သော ပြည်တွင်းပြည်ပ ဈေးကွက်မြှင့်တင်မှုများ ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ လူ့စွမ်းအား ဖွံ့ဖြိုးတက်ရေး၊ ခရီးစဉ်ဒေသများ စနစ်တကျ စီမံကွပ်ကဲနိုင်ရေးနှင့် ယခုကဲ့သို့ လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရန် ဉပဒေပါ ပြဌာန်းချက်များကို ပြန်လည်သုံးသပ်၍ လိုအပ်သည်များ ပြန်လည်ဖြည့်စွက်နိုင်ရန် ဝိုင်းဝန် ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင် များအသင်းနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌများ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းဈေကွက် မြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဉပဒေပါ ပြဌာန်းချက်များကို ပြန်လည်ဖြည့်စွက်ရေးဆိုင်ရာများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဦးတင်လတ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

သတင်းစဉ်