နေပြည်တော်   ၁၃   ဒီဇင်ဘာ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဂျပန်နိုင်ငံ အအိချီခရိုင် နာဂိုယာမြို့ရှိ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဖြစ်သူ မစ္စတာ တိုရှိအိုနီရှိမူရအား ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ တွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် မြန်မာနိုင်ငံရှိ စီးပွားရေး အခွင့်အလမ်းများကို ရှာဖွေလေ့လာခြင်းနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်မည့် နာဂိုယာမြို့မှ လေ့လာရေးအဖွဲ့လာရောက်မည့် အစီအစဉ်၊ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ဂျပန်နိုင်ငံရှိ နာဂိုယာမြို့ အပါအဝင် မြို့ကြီး (၄) မြို့၌ Road - Show များ ပြုလုပ်မည့် အစီအစဉ်နှင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်