mdn

နေပြည်တော် ၁၉ အောက်တိုဘာ

 

သြစတြေးလျနိုင်ငံ ဆစ်ဒနီနှင့် ကန်ဘာရာမြို့တို့၌ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေပိုင်းခြား ဆောင်ရွက်မှုများဆိုင်ရာ ဖက်ဒရယ်စနစ်ကို လေ့လာရန် အောက်တိုဘာ ၁၂ ရက်မှ ၁၉ ရက်အထိ လေ့လာရေးခရီး သွားရောက်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

သတင်းစဉ်