ရန်ကုန် ၁၂ အောက်တိုဘာ
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ နှင့် ကန်ဘရာမြို့တို့၏ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေပိုင်းခြားဆောင်ရွက်မှုများဆိုင်ရာ ဖက်ဒရယ် စနစ်အား လေ့လာရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၅ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်


