နေပြည်တော် မေ ၈

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် Oriental Highway Company မှ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသည့် ရန်ကုန် - ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် လမ်းပြုပြင်ထိန်းသိမ်းမှုနှင့် မိုင်တိုင် (၅/၄) မှ (၁၇/၄) ထိ (၁၂) မိုင် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးစီးမှု၊ တိုးဂိတ်ကောက်ခံနေမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နေ့စဉ် ယာဉ်သွားလာမှု (AADT-Average Annual  Daily Traffic) အရ ကုန်စည်စီးဆင်းမှု၊ ခရီးသွားယာဉ်များ သွားလာမှုနှင့် တိုးလ်ဂိတ် ကောက်ခံရရှိမှု အခြေအနေတို့ကို စနစ်တကျ ဆောင်ရွက်ရန်၊ လမ်းများသက်တမ်းပြည့်မီစွာ အသုံးပြုနိုင်ရေးအတွက် သက်မှတ်ထားသည့် လမ်းခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်သွားလာသည့် တန်ပိုယာဉ်များကို သက်မှတ်နှုန်းဖြင့် ဒဏ်ကြေး ပေးဆောင်စေရန် မှာကြားသည်။

 

mdn

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - ပုသိမ်လမ်းမိုင် (၄၂ / ၆ - ၄၃ / ၀) နေရာရှိ  လမ်းဦးစီးဌာန၊ ဗိုလ်မြတ်ထွန်းဂိတ် ( လမ်း၊ တံတားအသုံးပြုခ ကောက်ခံရေးစခန်း ) သို့ ကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ရန်ကုန် - ပုသိမ်လမ်း မိုင် (၈၆/၂) လမ်းစခန်း ရှင်းလင်းဆောင်၌ မိုင် (၇၄/၅ - ၉၆/၅) အတွင်း (၂၂) မိုင်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် Premix ဖြင့် ကတ္တရာလမ်းပေါက်ဖာခြင်းနှင့် လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်မည့် အခြေအနေကို ညွှန်ကြားရေးမှူး ဦးရန်နိုင်ဇော်က ရှင်းလင်းတင်ပြရာ  ဒုတိယဝန်ကြီးက ၂၀၂၂ -၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် မိုးရာသီကာလ မတိုင်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းနှင့် မိုးရာသီကာလအတွင်း ပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်ရမည့်လုပ်ငန်းဟူ၍ ခွဲခြားဆောင်ရွက်ရန် လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မည့် လမ်းအထူးအဖွဲ့ (၃) ဖွဲ့နှင့် မအူပင်ခရိုင်၊ ပုသိမ်ခရိုင်များအနေဖြင့် ကြိုတင်ပြင်ဆင်ထားသည့် စီမံချက်များအတိုင်း ဟန်ချက်ညီစွာ စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်